Home
မြန်မာသတင်း
ထားဝယ်အထူးစီးပွားရေးဇုန်အနီး စစ်ကောင်စီကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
October 2, 2021
243967345_610628139969906_3259254611273459887_n

တနင်္သာရီတိုင်း ထားဝယ်အထူးစီးပွားရေးဇုန်သွားရာလမ်း၊ ခမောင်းချောင်းနဲ့ ပုဂေါဇွန်းလမ်းဆုံမှာ  အောက်တိုဘာ ၁ ရက် ညနေ ၄ နာရီလောက်က စစ်ကောင်စီ ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကားက လမ်းဘေးကို လွင့်ထွက်သွားတယ်။ သွေးတွေလည်း အများကြီးပဲ တွေ့လိုက်တယ်။ အ‌ခြေအနေက စိုးရိမ်ရတဲ့သဘောမှာ ရှိတယ်” လို့ မျက်မြင်တချို့က ပြောပါတယ်။

အောက်တိုဘာ ၁ ရက်က ရေနက်ဆိပ်ကမ်းရဲစခန်း စခန်းမှူးဟာ ခေါ်နေကျ ဒလန်တစ်ဦး၊   သာမန်ရဲတပ်သား နောင်ရဲနဲ့ ကျော်သက်​ထွေးတို့ကိုပါ တင်ခေါ်ပြီး ထားဝယ်မြို့ကို သွားစဉ် လမ်းခရီးမှာ အခုလို မိုင်းနင်းမိတာပါ။ 

ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ (DGRF) က ရက်အတော်ကြာစောင့်ကြည့်ပြီး စခန်းမှူး သွားနေကျလမ်းမို့လို့ အခုလို ရှော့တိုက်မိုင်းဆွဲခဲ့တာလို့ ပြောပါတယ်။

မိုင်းဆွဲတဲ့အပြင် လက်ပစ်ဗုံးတွေနဲ့ပါ ထပ်ပစ်တာကြောင့် ဒလန်နဲ့ ရဲတပ်သားတစ်ဦးကတော့ အခင်းဖြစ်နေရာမှာ သေဆုံးသွားပြီး စခန်းမှူးနဲ့ ရဲတပ်သားတစ်ယောက်ကတော့ ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။ 

အဆိုပါ မိုင်းနင်းခံရ‌တဲ့ကားမှာ မတ်လက အဖမ်းခံရတဲ့ နဘုလယ်ဒေသက  ကျန်းမာရေးမှူးရဲ့ကား ဖြစ်ပြီး ရေနက်ဆိပ်ကမ်းရဲစခန်းက စခန်းမှူးဟာ အဲဒီကားကို ယူသုံးနေတာလို့ သိရပါတယ်။ 

စခန်းမှူးဟာ ရွာထဲ ကင်းလှည့်ချိန်နဲ့ တခြားအကြောင်းကိစ္စရှိတိုင်း သွားလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024