မန္တလေး အိုးဘိုထောင်ကနေ အချုပ်သူ အချုပ်သား ၁၈၀ ကျော်လွတ်မြောက်
DVB
·
October 2, 2021
မန္တလေး အိုးဘိုထောင်ကနေ အောက်တိုဘာ ၁ ရက်နေ့က အချုပ်သူ အချုပ်သား ၁၈၄ ယောက် လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။
လွတ်မြောက်လာသူတွေဟာ နာကျင်စေမှု၊ မုဒိမ်းမှု စတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုခံထားရသူတွေ ဖြစ်ပြီး စွဲဆိုထားတဲ့အမှုတွေကို ပိတ်ကာ ပြန်လွှတ်ပေးလိုက်တာလို့ ရှေ့နေတစ်ဦးက ဆိုပါတယ်။
အများပြည်သူအနေနဲ့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) နဲ့ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်စေချင်ပေမယ့် စစ်ကောင်စီဟာ ပြန်လွှတ်မပေးသေးပါဘူး။