အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စမ်းသပ်ရောင်းချခဲ့တဲ့ “အောင်လံလွှင့်ချီ နွေဦးထီ”Pilot project ရဲ့ ထီပေါက်စဉ်ကို အောက်တိုဘာ ၁ ရက် ဒီကနေ့ ထုတ်ပြန်လိုက်ပြီး ဆုမဲပေါက်သူ ကံထူးရှင် ၇၅ ယောက် ထွက်ပေါ်လာခဲ့ပါတယ်။
ကံထူးရှင်တွေကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီး မြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က computerized random selection စနစ်နဲ့ ရွေးချယ်ခဲ့ တာဖြစ်ပြီး နွေဦးထီရောင်းရငွေရဲ့ ၃၀ ရာခိုင်နှုန်းအပေါ် ကံထူးရှင်ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
ကံထူးခဲ့တဲ့ ၇၅ ယောက်ထဲက ၆၂ ယောက်ကတော့ သူတို့ရရှိတဲ့ ဆုကြေးငွေတွေကို ပြန် လည်လှူဒါန်းဖို့ဆန္ဒပြုထားကြတယ်လို့ ဆိုပါတယ်။
ပြန်လည်လှူဒါန်းကြသူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနမှ ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာတွေ ပေးပို့သွားမယ်လို့ ဆိုပါတယ်။
အောင်လံလွှင့်ချီနွေဦးထီကိုတော့ အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)၊ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်နေ့မှာ စတင် ရောင်းချခဲ့တာဖြစ်ပြီး ထီရောင်းချရမှုရဲ့ ၇၀ ရာခိုင်နှုန်းကို နိုင်ငံ့၀န်ထမ်း CDM တွေအတွက် သုံးစွဲသွားမှာဖြစ်ပြီး ၃၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည်ပေးအပ်သွားဖို့ ကြေညာထားခဲ့တာ ဖြစ်ပါတယ်။
အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီကတော့ အဆိုပါထီနဲ့ ပတ်သက်ပြီး ဖွင့် လှစ်ရောင်းချသူတွေနဲ့ အားပေးအားမြှောက်ပြုလုပ်သူတွေကို တရားစွဲ၊ ဖမ်းဆီး ထောင်ချသွားမယ်လို့ ခြိမ်းခြောက် ကြေညာထားခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာပြည်သူတွေ သပိတ်မှောက်ပြီး မထိုးဘဲနေတဲ့ အောင်ဘာလေထီကိုလည်း အွန်လိုင်းကနေရောင်းချဖို့ အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီက စီစဉ်နေပါတယ်။