Home
မြန်မာသတင်း
လှည်းကူးတွင် ဆိုင်ကယ်ကယ်ရီသမား ၁ ဦး ပစ်သတ်ခံရ
DVB
·
October 1, 2021
243034191_3088767888046916_380244552003496239_n
243034191_3088767888046916_380244552003496239_n

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့၊ မြို့မရပ်ကွက်၊ တပင်ရွှေထီးလမ်းမှာ စက်တင်ဘာ ၃၀ ရက် ညနေပိုင်းက ဆိုင်ကယ် ကယ်ရီသမား တယောက် ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပစ်သတ်ခံရသူမှာ အသက် ၄၀ နှစ်အရွယ် ဦးကျော်မိုးသူ ဖြစ်ပြီး ဆိုင်ကယ်ကယ်ရီသမား တစ်ဦးဖြစ်ကာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တွဲသွားတွဲလာ ပြုလုပ် ဒလန်လို့ နာမည်ထွက်နေတာကြောင့် အခုလိုပစ်သတ်ခံရတာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

ဒလန် အမည်ထွက်သူ ဦးကျော်မိုးသူဟာ သေနတ်နဲ့  သုံးချက် ပစ်သတ်ခံခဲ့ရတာ ဖြစ်ပြီး ဘယ်အဖွဲ့က ပစ်သတ်ခဲ့တယ်ဆိုတာတော့ မသိရသေးပါဘူး။ သြဂုတ်လတုန်းကလည်း သူဟာ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရဖူးတယ်လို့  ဒေသခံက ပြောပါတယ်။

သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီးတော့ လှည်းကူးမြို့၊ မြို့မရပ်ကွက်နဲ့အနီးအနားဝန်းကျင်မှာ အကြမ်းစစ်ကောင်စီတပ်တွေက လိုက်လံ စစ်ဆေးနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024