Home
မြန်မာသတင်း
ခင်ဦးမြို့ NLD ပြန်ကြားရေးတာဝန်ခံ ဖမ်းဆီးခံရ
DVB
·
September 30, 2021
242990994_1218547491954968_2436137587319722648_n

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့၊ အောင်ချမ်းသာရပ်ကွက်က NLD ပြန်ကြားရေးတာဝန်ခံလည်းဖြစ် တိုင်းလူငယ်အဖွဲ့ဝင်လည်းဖြစ်သူ ကိုချမ်းမြေ့မောင်ကို ဒီနေ့ နေ့ယေ် ၂ နာရီလောက်က နေအိမ်မှာပဲ စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“ကိုချမ်းမြေ့မောင်က စစ်အာဏာဆန့်ကျင်ဆန္ဒပြရာမှာလည်း အားတက်သရောပါဝင်ခဲ့တယ်။ သူကလက်ဖက်ရည်ဆိုင်လည်း ဖွင့်ထားတာ သူ့ဆိုင်ကို စစ်သားနဲ့ရဲတွေ အမြဲလာသောက်လေ့ရှိတယ်။ စစ်ကောင်စီက လူတွေက ငါတို့က လက်နက်ကိုင်သူကိုပဲ ဖမ်းတာ ဆန္ဒပြသူဖမ်းတာမဟုတ်ဘူး၊ ဆန္ဒပြသူများဖမ်းမယ်ဆိုရင် ခင်ဦးမြို့ သံဆူးကြိုးခပ် ထောင်ချထားရုံပဲလို့ သူတို့ပြောစကားနားယောင်ပြီး ရှောင်တိမ်ခြင်းမရှိဘူး။ ဒါကြောင့် အလွယ်ဖမ်းခံလိုက်ရတာ။”

ကိုချမ်းမြေ့မောင်ဟာ စစ်အာဏာဆန့်ကျင်ဆန္ဒပြပွဲတွေမှာလည်း တက်တက်ကြွကြွပါဝင်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဒီနေ့ ညနေ ၄ နာရီလောက်ကလည်း ခင်ဦးမြို့က ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဝင်းအောင်အိမ်ကို ဝင်ရောက် ရှာဖွေတာတွေပြုလုပ်ခဲ့ပြီး နေအိမ်မှာရှိတဲ့ ဇနီးနဲ့သမီးအား အိမ်ကိုဗုံးခွဲမယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024