Home
မြန်မာသတင်း
ဂန့်ဂေါမြို့နယ်တွင် စစ်တပ်ယာဉ်တန်း မိုင်းဆွဲခံရ၊ ၂၀ ခန့် သေဆုံး
DVB
·
September 30, 2021
243184689_2674812042820240_7259596743246853163_n

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲမှာ စက်တင်ဘာ ၂၉ ရက် မနက်ပိုင်းက ဂန့်ဂေါ PDF နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး စစ်ကောင်စီယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်က အယောက် ၂၀ လောက် သေဆုံးပြီး အများအပြားဒဏ်ရာရသွားတယ်လို့ ဂန့်ဂေါ PDF က ထုတ်ပြန်ပါတယ်။

ဂန့်ဂေါမြို့နယ်ထဲမှာ မနေ့မနက်ပိုင်းက ကလေးမြို့ကနေ့ ဂန်ဂေါဘက်ကိုလာတဲ့ စစ်ကောင်စီယာဉ် ၅ စီးကို ဂန့်ဂေါ PDF နဲ့ ဒေသကာကွယ်ရေး အဖွဲ့တွေပူးပေါင်းပြီးတော့ မိုင်းဆွဲတိုက်ခိုက်ရာ ကား ၂ စီး မိုင်းကွဲခဲ့တယ်လို့ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုဘက်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ရမ်းသန်းပြီးတော့ ပြန်လည်ပစ်ခတ်ပေမဲ့ ဂန့်ဂေါ PDF နဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေဘက်က အထိခိုက်အကျဆုံး မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါအပြင် အကြမ်းဖက်စစ်ကောင်စီဘက်က လက်နက်အပြည်စုံနဲ့ ထွက်ပြေးလာတဲ့ တပ်သား ၁၁ ယောက်ရှိပြီး ဆက်သွယ်ချိတ်ဆက်မှု ရယူက ဘေးကင်းလုံခြုံတဲ့ နေရာကို ပို့ဆောင်ပေးဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

ယောဒေသအတွင်းမှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားလာနိုင်တာကြောင့် မိဘပြည်သူ တွေအနေနဲ့ ဂန့်ဂေါ-ကလေး ကားလမ်းကို လုံးဝ မသုံးဖို့ ယောဒေသ ကာကွယ်ရေးတပ်ဖွဲ့အသီးသီးက သတိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024