စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာ စက်တင်ဘာ ၂၉ ရက် ညနေပိုင်းက မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ တွဲဖက်အတွင်းရေးမှူး ပျူစောထီးအဖွဲ့ဝင်ဆိုပြီး လူသိများသူတစ်ဦး သေနတ် ပစ်ခံရပြီး သေဆုံးခဲ့ပါတယ်။
စစ်မှုထမ်းဟောင်း ပျူစောထီး ဦးသိန်းဌေးဟာ ဆိုင်ကယ်စီးလာစဉ် သာစည်လမ်းနဲ့ သပြေပင်တောရကျောင်းလမ်းအနီးမှာ အမည်မသိအဖွဲ့က သေနတ်နဲ့ ၄ ချက် ပစ်ခတ်သွားတာကြောင့် အခင်းဖြစ်နေရာမှာ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
"ဆိုင်ကယ်မောင်းနေရင်း ပစ်သွားတာ ဆိုင်ကယ်လဲသွားတယ်။ ကျောမှာ ကျည်ဆန်ရာ ၄ ချက်တွေ့တယ်။ ဘယ်သူပစ်သွားတာလဲတော့ မသိဘူး သူက စစ်မူထမ်းဟောင်း ပျူစောထီးလို့ လူသိများတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
သေဆုံးသူ ဦးသန်းဌေးဟာ စစ်မူထမ်းဟောင်း အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး စစ်ကောင်စီဘက်ကနေ တိုက်ခိုက်ပေးဖို့ လူသစ်စုဆောင်းပေးနေတဲ့ ပျူစောထီးအဖွဲ့ဝင်တစ်ဦးလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
မုံရွာမြို့နယ် မုံရွေးကြေးမုံကျေးရွာမှာ စက်တင်ဘာ ၂၇ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့က ပြည်သူနှစ်ဦးအား ပစ်သတ်ပြီး ၁၀ ဦးထက်မနည်း ဖမ်းဆီခဲ့တဲ့အတွက် လက်ထောက်ချသူ မုံရွေးကြေးမုံ အုပ်ချုပ်ရေးမှူးဟာ ၂၄ နာရီမပြည့်ခင် ဓားထိုးခံရပြီး သေဆုံးခဲ့ပါတယ်။