ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်မှ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နဲ့ တရားစွဲခံရတဲ့ ခရစ်ယာန် ဓမ္မဆရာ ၃ ဦးရဲ့ အမှုကို ဒီနေ့ စတင်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
နမ်ဟော့ထောင်မှ ဝန်ထမ်းနဲ့ နီးစပ်သူတစ်ဦးက “နောင်မွန်မြို့ နယ်ခြားကနေ ဖြစ်တဲ့အတွက် နမ်ဟော့ထောင်မှာရှိတဲ့ စစ်ဆေးခန်းထဲမှာပဲ စစ်ဆေးသွားတာပါ။ ဒီနေ့က တရားလို ရဲမှူးကို စတင်စစ်ဆေးသွားပါတယ်။ ဆရာတော် ၃ ပါးရဲ့ ကျန်းမာရေးအခြေအနေလည်း ကောင်းကောင်းမွန်မွန်ပါပဲ” လို့ ပြောပါတယ်။
နောက်လာမယ့် ရုံးချိန်းကို အောက်တိုဘာ ၁၃ ရက်နေ့ ချိန်းဆိုလိုက်တယ်လို့ သိရပါတယ်။
ဓမ္မဆရာ ၃ ဦးကို ပြီးခဲ့တဲ့ မတ် ၃ ရက်နေ့က ခရစ်ယာန်ဂိုဏ်းပေါင်းစုံ စုပေါင်းပြီး ငြိမ်းချမ်းရေးအတွက် ဆုတောင်းဝတ်ပြုအစည်းအဝေးပြုလုပ်ဖို့ ဦးဆောင်ပါဝင်ခဲ့တဲ့အတွက် ပူတာအိုမြို့နယ် နမ်ဟော့အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။