ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်မှာ စက်တင်ဘာလ ၂၈ ရက် ည ၈ နာရီခွဲက စစ်တပ်ပိုင် မိုင်တဲလ်တာဝါတိုင် တတိုင် ဗုံးခွဲခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သရက်တောကျေးရွာအုပ်စု ငှက်သိုက်ပေါက်ကျေးရွာမှာ မိုင်တဲလ်တာဝါတိုင် ဗုံးခွဲခံရတာ ဖြစ်ပြီ ဗုံးခွဲခံရပြီးနောက် စစ်ကောင်စီက ကျေးရွာကို ရောက်ရှိလာပြီ ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ပေါက်ကွဲသံက အကျယ်ကြီးပဲ၊ နောက်မှ မိုင်တဲလ်တာဝါတိုင် ဗုံးခွဲခံရတာလို့ သိရတယ်။ စစ်ခွေးတွေကတော့ ရွာကိုလာပြီး ရမ်းသန်းပစ်ခတ်သွားတယ်၊ ဗုံးခွဲတဲ့သူတွေကိုတော့ဖမ်းမမိဘူး။”
ဗုံးခွဲမှုကြောင့် မိုင်တဲလ်တာဝါတိုင် ယိုင်သွားခဲ့ရပြီး ဖုန်းနဲ့အင်တာနက်လိုင်း ခဏ ပြတ်တောက်သွားတယ်လို့ ဒေသခံက ပြောပါတယ်။
ဒိုက်ဦးမြို့နယ်မှာ မိုင်တဲလ်တာဝါတိုင် ပထမဦးဆုံး ဗုံးခွဲခံရတာဖြစ်ပြီး ဒီနေ့မနက်မှာတော့ မြို့အဝင်အထွက်တွေမှာ စစ်ဆေးနေပါတယ်။