၈၈(မျိုးဆက်) ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ ရုံးအဖွဲ့မှူး ဦးဇော်၀မ်းမောင်ကို စစ်ကောင်စီက အကြမ်းဖက်ဖမ်းဆီးသွားပြီး သီတင်းတပတ်ကျော်ကြားတဲ့အထိ မိသားစုနဲ့ အဆက်အသွယ်မရဖြစ်နေပါတယ်။
ဦးဇော်၀မ်းမောင်ဟာ စက်တင်ဘာ ၁၉ ရက် နေ့လယ် ၁ နာရီလောက်ကစပြီး အဆက်အသွယ်ပြတ်တောက်သွားတာဖြစ်ပြီး ဒီနေ့အထိ ဘယ်နေရာမှာ ဖမ်းဆီးခံထားရတယ်၊ ဘာကြောင့် ဖမ်းဆီးသွားတယ်ဆိုတာ မသိရဘဲ မိသားစုနဲ့ အဆက်အသွယ် ပြတ်တောက်နေတာ ဖြစ်ပါတယ်။
ဦးဇော်၀မ်းမောင်ကို စစ်ကောင်စီတပ်က အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်သွားတဲ့အပြင် နေအိမ်ကိုလည်း ချိပ်ပိတ်သွားတယ်လို့ သိရပါတယ်။ ဦးဇော်၀မ်းမောင်အနေနဲ့ စစ်ကြောရေးမှာ စစ်တပ်ရဲ့ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်မှုတွေ ခံရာမှာကို မိသားစု၀င်တွေက စိုးရိမ်နေကြပါတယ်။
မိသားစုနဲ့ ၈၈(မျိုးဆက်) ငြိမ်း/ပွင့် ရုံးအဖွဲ့က ICRC နဲ့ AAPP တို့ထံ ဆက်သွယ် အကူအညီတောင်းခံထားပါတယ်။