Home
မြန်မာသတင်း
စစ်ကိုင်းတိုင်း ၃ မြို့နယ်၌ အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက်
DVB
·
September 26, 2021
242822406_2931748097140094_2912137539670141601_n
242815909_2931748057140098_2149727211598949251_n
242699316_2931747990473438_2780965845591557678_n

စစ်ကိုင်းတိုင်း ကောလင်း၊ ဝန်းသိုနဲ့ ပင်လည်ဘူးမြို့နယ်တွေမှာ စက်တင်ဘာ ၂၆ ရက် မနက်ပိုင်းက စပြီး အင်တာနက်နဲ့ မိုဘိုင်းလ်ဖုန်းလိုင်းတွေ အားလုံး ဖြတ်တောက်ခံထားရတယ်လို့ သိရပါတယ်။

အဲဒီမြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်ပြီးနောက် အခုလို အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ခံရတာဖြစ်ပြီး မြေပြင်သတင်းအချက်အလက်တွေရရှိဖို့ အခက်အခဲရှိတယ်လို့‌ ဒေသခံတွေက ဆိုကြပါတယ်။

“အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်သွားတာ။ ဘယ်သူ့ဆီမှ ဆက်သွယ်လို့မ ရတော့ဘူး။ အဲဒီဘက်တွေ ဘာဖြစ်နေလဲဆိုတာ မသိရတော့ဘူး” လို့ မုံရွာမြို့ကို ရောက်နေတဲ့ ကောလင်း ဒေသခံတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီက  စစ်ကိုင်းတိုင်းအတွင်းရှိ ကနီ၊ ယင်းမာပင်၊ အရာတော်၊ ပုလဲ၊ ရေဦး၊ တန့်ဆည်၊ ဘုတင်လင် စတဲ့မြို့နယ်တွေမှာ စစ်ဆင်ရေးလုပ်နေသလို  စက်တင်ဘာ ၁၄ ရက်ကတည်းက အင်တာနတ် ဖြတ်တောက်ထားတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024