မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် ရွှေကျင်စစ်ဆေးရေးဂိတ်မှာ စက်တင်ဘာ ၂၅ရက် မနက်ပိုင်း ၉ နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီ တပ်သား ၁ ယောက်နဲ့ အနီးနား ဝန်းကျင်က အမျိုးသမီး ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
“ဗုံးပေါက်ကွဲတာ ဟုတ်တယ်။ မနက်ပိုင်းက ကွဲတာ။ စစ်ဆေးရေးဂိတ်မှာရှိနေတဲ့ စစ်ကောင်စီတပ်သား တစ်ဦး ဒဏ်ရာရတယ်။ အခြေအနေကတော့ မသိရဘူး။ နောက်ပြီး အဲဒီနားက နှစ်ဦးလည်း ဒဏ်ရာရတယ်လို့ ပြောကြတယ်။ အဲဒီနားက စစ်ဆေးရေး ဂိတ်ဆိုတော့ စစ်သားတွေ ရဲတွေ အမြဲရှိတယ်” လို့ အနီးပတ်ဝန်းကျင်ရှိ ပြည်သူတစ်ဦး က ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီးမကြာခင်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်တွေက အနီးပတ်ဝန်းကျင်ရှိ လမ်းတချို့မှာ ပိတ်ဆို့ စစ်ဆေးတာတွေ လုပ်ခဲ့ပါတယ်။