မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရှမ်းဝိုင်းရပ်မှာနေထိုင်တဲ့ အန်အယ်လ်ဒီပါတီ ထောက်ခံသူ အမာခံတစ်ဦး စက်တင်ဘာ ၂၄ ရက် မနက်ပိုင်းက ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပါတယ်။
အသတ်ခံရသူမှာ အသက် ၅၀ ကျော် ကျောက်စိမ်းလုပ်ငန်း လုပ်ကိုင်တဲ့ ကိုပေါက်ဆိုသူဖြစ်ပြီး ပျူစောထီးအဖွဲ့က ဖမ်ဆီးသတ်ဖြတ်တာလို့ ရှမ်းဝိုင်းနေ ပြည်သူတချို့က ပြောပါတယ်။
“အသတ်ခံရသူက ကျောက်သမား ။ အန်အယ်လ်ဒီပါတီ အမာခံထောက်ခံသူ။ စက်တင်ဘာ ၂၃ ရက် ညပိုင်းက သူ့မွေးနေ့။ သူ့မွေးနေ့ပြီးတော့ အရပ်ဝတ်နဲ့ ပျူစောထီးတွေ ရောက်လာပြီး ဖမ်းသွားတာ။ မနက်ကျတော့ အသတ်ခံရတာပဲ။” လို့ ရှမ်းဝိုင်းနေ ပြည်သူတစ်ဦး က ပြောပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကို တာရိုးဘက်မှာ ပစ်ထားတာဖြစ်ပြီး မနက်ပိုင်းမှာ မန္တလေး ဆေးရုံကြီးကို သယ်ဆောင်သွားတယ်လို့ သိရပါတယ်။