မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက် ၅၂ လမ်းနဲ့ ၃၃ လမ်းထောင့်မှာ စက်တင်ဘာ ၂၃ ရက် မနက် ၁၁ နာရီကျော်က သုံးဘီး ယာဉ်မောင်းတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။
ပစ်သတ်ခံရတဲ့ သုံးဘီးယာဉ်မောင်းဟာ ကန်ကောက်ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၅၀ ကျော်အရွယ် ဦးအေးလွင် ဆိုသူဖြစ်ပြီး သူ့ရဲ့ သုံးဘီးယာဉ်ကို ငှားစီးလာသူ ၂ ဦး အနက် ၁ ဦးက သေနတ်နဲ့ ပစ်သတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
သေနတ်နဲ့ ပစ်ပြီးနောက်မှာ ဆိုင်ကယ် ၂ စီးနဲ့ လူ ၂ ယောက် ရောက်လာပြီး ထွက်ပြေးသွားခဲ့တယ်လို့ ဆိုကြပါတယ်။
“အသတ်ခံရတဲ့သူက စစ်ကောင်စီ သတင်းပေးလို့ ပြောကြတယ်။ မနေ့ကလည်း ရပ်ကွက်ထဲက ရာအိမ်မှူးအိမ် လက်လုပ်ဗုံးနဲ့ ပစ်သွားတယ်။” လို့ ရပ်ကွက်နေပြည်သူ တစ်ဦးက ပြောပါတယ်။
သုံးဘီး ယာဉ်မောင်း ဦးအေးလွင်ကို ပစ်သတ်သွားတာ ဘယ်အဖွဲ့အစည်းက ဖြစ်တယ်ဆိုတာကိုတော့ မသိရပါဘူး။
ပစ်ခတ်မှုဖြစ်အပြီးမှာ စစ်ကောင်စီတပ်တွေ ရောက်လာပြီး စစ်ဆေးတာတွေနဲ့ CCTV မှတ်တမ်းရယူတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။