မန္တလေးတိုင်း၊ မိုးကုတ်မြို့က မြို့နယ်လျှပ်စစ်မီတာရုံး EPC ရုံးထဲ စက်တင်ဘာ ၂၃ ရက်ဒီနေ့ နေ့ခင်း ၁၂ နာရီဝန်းကျင်က ဗုံးနဲ့ ထပ်မံဖောက်ခွဲခံလိုက်ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
" ဗုံးပေါက်သွားတယ်၊ လူထိတယ်တော့မကြားဘူး "လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မိုးကုန်မြို့နယ်လျှပ်စစ်မီတာရုံးမှာ ဗုံးဖောက်ခွဲခံရတာ ခုတကြိမ်းပါနဲ့ဆိုရင် သုံးကြိမ်ရှိပြီဖြစ်ပါတယ်။
မိုးကုတ်မြို့မှာ စက်တင်ဘာ ၂၂ရက် ညနေပိုင်းကလည်း မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးစန်းအေး သေနတ်နဲ့ပစ်သတ်ခံရပြီးနောက် သေဆုံးသွားပါတယ်။
မိုးကုတ်မြို့မှာ ရပ်ကွက်တွေထဲကို စစ်ကောင်စီတပ်တွေက လူငယ်တွေကို ဝင်ဖမ်းချိန်မှာ မြို့နယ်လျှပ်စစ်မီတာရုံးက မီးဖြတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။