ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်ရှိ အလုပ်သမားတစ်ထောင်ကျော်နဲ့ လည်ပတ်နေတဲ့ Myanmar Unique အထည်ချုပ်စက်ရုံကို စက်တင်ဘာ ၂၁ ရက်မှာ ပိတ်သိမ်းလိုက်ပါတယ်။
အော်ဒါအထည်လျော့နည်းလာပြီး တခြားအခြေအနေတွေကြောင့် ဆက်လက်လည်ပတ်ဖို့ မဖြစ်နိုင်တော့တဲ့အတွက် ပိတ်သိမ်းလိုက်တာလို့သိရကြောင်း စက်ရုံ လုပ်သားခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
Myanmar Unique အထည်ချုပ်စက်ရုံကို လွန်ခဲ့တဲ့ ၈ နှစ်လောက်ကတည်းက ဖွင့်လှစ်ခဲ့တာပါ။
စစ်အာဏာသိမ်းပြီးနောက် အထည်ချုပ်စက်ရုံတွေ ပိတ်သိမ်းတာ၊ လုပ်သားအင်အား လျှော့ချတာတွေ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။
Myanmar Unique အထည်ချုပ်စက်ရုံဟာ ၇ လ အတွင်း ပိတ်သိမ်းခဲ့တဲ့ စက်ရုံတွေထဲမှာ လုပ်သားအင်အား အများဆုံးစက်ရုံကြီးတစ်ခု ဖြစ်တယ်လို့ အလုပ်သမားအရေး လှုပ်ရှားနေတဲ့ အဖွဲ့တွေက ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက် လုပ်ငန်းကဏ္ဍအရပ်ရပ်မှ လုပ်သားအင်အား ၅ သိန်းကျော် အလုပ်လက်မဲ့ဖြစ်ပေါ်နေပြီး အရေအတွက်တိုးလာနိုင်သေးတယ်လို့ သူတို့က ပြောပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ အလုပ်လက်မဲ့ပြဿနာ ကြီးထွားနေမှုအပေါ် အရေးတယူဖြေရှင်းပေးတာ မရှိသေးပါဘူး။