မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးမြစ်ကူးတံတား (ချောင်းတောင်) တံတားထိပ်ရှိ စစ်ကောင်စီလက်နက်ကိုင် စစ်ဆေးရေးဂိတ်ကို ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ ရေးမြို့နယ် ကာကွယ်ရေးအထူးအဖွဲ့ YSTF က ထုတ်ပြန်လိုက်ပါတယ်။
အဲဒီစစ်ဆေးရေးဂိတ်ကို ဒီကနေ့ စက်တင်ဘာ ၂၀ ရက် ညနေ ၃ နာရီအချိန်က ဗုံးခွဲတိုက်ခိုက်ခံခဲ့တာ ဖြစ်ပါတယ်။
ဗုံးခွဲတိုက်ခိုက်ပြီးနောက် ရေးမြစ်ကူးတံတားအောက်မှာ ကင်းပုန်းချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပြီး ပြည်သူတွေ ထိခိုက်မှာ မလိုလားတဲ့အတွက်ကြောင့် ပစ်ခတ်မှုတွေ မလုပ်ဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ရေး PDF က ထုတ်ပြန်ထားပါတယ်။
အဲဒီဗုံးခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က စစ်သားတစ်ဦးနဲ့ ရဲတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။
ဗုံးခွဲတိုက်ခိုက်ပြီးနောက် ရေး PDF ကတော့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ စစ်ကောင်စီ အုပ်ချုပ်ရေး ယန္တရားမှာ ပါဝင်နေသူတွေရဲ့ အနီးပတ်ဝန်းကျင်မှာ နေထိုင်သွားလာတာတွေ မလုပ်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။
ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရဲတပ်သား တစ်ဦးကို အနီးကပ် ပစ်သတ် သုတ်သင်ထားပါတယ်။