ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်မှာ Mytel တာဝါတိုင်တွေကို စစ်ကောင်စီတပ်နဲ့ စစ်တပ်အမာခံ သတင်းပေးတွေပေါင်းပြီး စက်တင်ဘာ ၁၉ ရက်နေ့က လိုက်လံစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။
အိမ်မဲမြို့နယ်အတွင်းမှာရှိတဲ့ Mytel တာဝါတိုင်တွေကို စစ်ကောင်စီတပ်က ဗိုလ်မှူးကောင်းမြတ်စံ ဦးဆောင်တဲ့ တပ်သားတွေနဲ့လိုက်လံစစ်ဆေးခဲ့တာဖြစ်ဖြစ်ပြီး Mytel တာဝါတိုင်တွေအပြင် MPT ၊ Telenor ၊ Ooredoo ၊ MEC စတဲ့ တာဝါတိုင်တွေကိုပါ စစ်ဆေးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရဲအရာရှိ ၁ ဦးကပြောပါတယ်။
အိမ်မဲမြို့နယ်မှာ စက်တင်ဘာ ၁၉ ရက်နေ့ တစ်ရက်တည်း တာဝါတိုင်ပေါင်း ၄၁ တိုင်ကို စစ်ဆေးခဲ့တဲ့အပြင် တာဝန်မှအပ မဝင်ရဆိုတဲ့ ဗီနိုင်းစာတွေကို ချိတ်ဆွဲခဲ့တယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းမှာတော့ ဘိုကလေးမြို့နယ်အတွင်းက Mytel တာဝါတိုင် ၁ တိုင်သာ မီးရှို့ဖျက်ဆီးခံရတာ ရှိပြီး ကျန်တဲ့ မြို့နယ်တွေမှာတော့ ခုထိ မီးရှို့ခံရတာ မရှိသေးပါဘူး။