မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာကျေးရွာနဲ့ ကဗျာဝကျေးရွာကြားက စစ်တပ်နဲ့ စစ်ခေါင်းဆောင်မိသားစုရဲ့စီးပွားရေးနဲ့ ဆက်နွှယ်နေတဲ့ Mytel တာဝါတိုင် ၁ တိုင် စက်တင်ဘာ ၁၈ ရက် ညနေ ၆ နာရီလောက်က ထပ်မံ ဗုံးခွဲခံလိုက်ရပါတယ်။
အဲဒီ Mytel တာဝါတိုင် ဗုံးထောင်ဖောက်ခွဲရတာဟာ သူတို့ လက်ချက်ဖြစ်တယ်လို့ ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF က ထုတ်ပြန်လိုက်ပါတယ်။
ဗုံးခွဲဖျက်ဆီးခံလိုက်ရပြီးနောက် တာဝါတိုင်ပြိုကျပျက်စီးတာ မရှိပေမယ့် တာဝါတိုင်အောက်ခြေက မီးစက် အပါအဝင် ဆက်သွယ်ရေးစက်ပစ္စည်းတွေ ပျက်စီးသွားခဲ့ပါတယ်။
စက်တင်ဘာ ၁၇ ရက် မနေ့ည ၇ နာရီအချိန်ခန့်ကလည်း ရေးမြို့နယ်၊ ကျောက်မိချောင်းတောင်ပိုင်းကျေးရွာအနီးက Mytel တာဝါတိုင်ကို ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဗုံးခွဲဖျက်ဆီးခဲ့ပါသေးတယ်။
မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် အခု Mytel တာဝါတိုင် အပါအဝင် Mytel ရဲ့ တာဝါတိုင် ၄ တိုင် ထိ ဗုံးခွဲဖျက်ဆီးခြင်းခံထားရပါတယ်။