Home
မြန်မာသတင်း
ထန်တလန်တွင် စစ်တပ်ပစ်ခတ်မှုကြောင့် သင်းအုပ်ဆရာ ၁ ဦးသေဆုံး၊ နေအိမ် ၁၀ လုံးကျော် မီးလောင်နေ
DVB
·
September 18, 2021
242264302_1689164727955182_6301802581644798749_n (1)
242116021_1689164587955196_717384926812407404_n

ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ် ရပ်ကွက်တခုမှာ စစ်​ကောင်စီတပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်ခတ်မှု​တွေ​ကြောင့် နေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ပြီး TCBC ခရစ်ယာန်အသင်းတော်က သင်းအုပ်ဆရာတော် ပါစတာ Xing Baik Hmun သေနတ်ထိမှန် သေဆုံးသွားပါတယ်။

လက်ရှိအချိန်ထိ မီးလောင်ကျွမ်းနေဆဲဖြစ်ပြီး မီးငြှိမ်းသတ်ဖို့ သွား​ရောက်ကူညီတဲ့သူ​တွေကိုလည်း စစ်​ကောင်စီတပ်က လိုက်လံပစ်ခတ်​နေတဲ့အတွက် မီးငြှိမ်းနိုင်ခြင်း မရှိပါဘူး။ 

မြို့ပေါ်မီးသတ်ကားတွေလည်း တစီးမှ လာကောက်ငြှိမ်းသတ်တာ မရှိဘူးလို့ သိရပါတယ်။  

အခုလိုဖြစ်တာက ပြီးခဲ့တဲ့ရက်ပိုင်းက CDF/CNA ပူးပေါင်းအဖွဲ့က ထန်တလန်မြို့နယ်၊ လုံလဲရ်ရွာမှာ တပ်စွဲထားတဲ့ တပ်စခန်းတခုကို သိမ်းပိုက်ခဲ့တာကြောင့် အငြိုးနဲ့လုပ်တာ ဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေကတော့ ပြောဆိုသုံးသပ်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024