မွန်ပြည်နယ် ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF မှ စစ်ကောင်စီရဲ့ ဆက်သွယ်ရေး လိုင်းအား စက်တင်ဘာလ ၁၅ ရက်နေ့က ဖြတ်တောက်ဖျက်ဆီးခဲ့တယ်လို့ ရေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
ရေးမြို့ PDF က အခုလို စစ်ကောင်စီရဲ့ ဆက်သွယ်ရေး ပိုက်လိုင်းတခုကို ပြီးခဲ့တဲ့ ရက်တွေကလည်း တစ်ကြိမ် ဖျက်ဆီးထားခဲ့သလို အခု ထပ်မံပြီး စစ်ကောင်စီရဲ့ စစ်ဘက်သုံး ဆက်သွယ်ရေးလိုင်းတခုကို တစ်စိမ်ဒေသတခုအနေနဲ့ ဖြတ်တောက်ခဲ့တာလို့ စက်တင်ဘာ ၁၆ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အင်အားသုံးပြီး မြို့တွင်းနေရာအနှံ့ လှည်ကင်း ဝပ်ကင်း စတာတွေ လုပ်ဆောင်လာခဲ့သလို PDF တွေ ခိုအောင်းတဲ့နေရာတွေကို လိုက်လံရှာဖွေနေပေမဲ့ PDF နဲ့ ထိပ်တိုက်တွေ့ဆုံတာ ဒီနေ့အထိ မရှိသေးပါဘူးလို့ ဆိုပါတယ်။
ရေးမြို့ PDF ကတော့ မြို့တွင်း ပြောက်ကျားတိုက်ခိုက်ရေးကိုသာ ကျင့်သုံးပြီး ရဲစခန်းတွေကိုပါ ဗုံးခွဲတိုက်ခိုက်ထားခဲ့သလို ရဲတပ်သား ၁ ဦးကို သုတ်သင်ရှင်းလင်းခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။