စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ပုသိမ်-မုံရွာ ကားလမ်းမကြီးဘေး အုံတုံပင်ကျေးရွာအနီးမှာရှိတဲ့ အမှတ် (၂၈) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ (မုံရွာ) ရဲတပ်ရင်းကို စက်တင်ဘာ ၁၅ ရက် ညပိုင်းက ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
"မနေ့ည ၉ နာရီကျော်လောက်က အမည်မသိ အဖွဲ့ ၁ ခုက ရဲတပ်ရင်း အနောက်ဘက်ကနေ လျှော့တိုက်မိုင်းနဲ့ ပစ်လို့ ရဲတပ်ရင်းထဲမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ကလည်း ပြန်လည်ပစ်ခတ်ကြတာလို့ သိရတယ်၊ အသံတွေကတော့ ဗုံးသံလိုလိုတွေကြားရသလို သေနတ်သံတွေလည်း တရစပ် ပစ်ခတ်သံတွေကြားရတယ်။ ရဲတပ်ရင်းထဲကနေ ပစ်နေတဲ့အသံပဲဗျ။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပစ်ခတ်သံတွေရပ်နားအပြီး စစ်ကောင်စီတပ်က ရဲတပ်ရင်းဝန်းကျင် ကင်းလှည့်တာတွေရှိကြောင်း၊ သေနတ်သံတွေကြောင့် အနီးအနားက ကျေးရွာနေပြည်သူတွေ ကြောက်လန့်တပြီး ထွက်ပြေး သူတွေရှိတယ်လို့လည်း ဒေသခံက ပြောပါတယ်။
သေနတ်ပစ်ခတ်မှုတွေကတော့ အပြန်အလှန်ပစ်ခတ်တာမရှိဘဲ ရဲတပ်ရင်းထဲက စစ်ကောင်စီရဲ့တပ်သားတွေရဲ့ဘက်ကသာ ပစ်ခတ်ခဲ့တာလို့ လည်း ဆိုပါတယ်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရသူ တွေ ရှိမရှိတော့ မသိရသေးပါဘူး။