Home
မြန်မာသတင်း
စစ်ကောင်စီခန့် ရန်ကုန်တက္ကသိုလ်ပါချုပ် အပါအဝင် ၇ ဦးကို အမည်ပျက်စာရင်းသွင်း
DVB
·
September 15, 2021
242009031_180577154188893_5041403641902595388_n
University Professors Black List

တရားမဝင် အာဏာသိမ်းစစ်ကောင်စီရဲ့ ခန့်အပ်မှုနဲ့ စီမံအုပ်ချုပ်ရေးဌာနတွေမှာ ရာထူးတွေ ရယူထားကြတဲ့ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာတင်မောင်ထွန်း အပါအဝင် ၇ ဦးကို ကြားကာလရန်ကုန်တက္ကသိုလ်ကောင်စီက အမည်ပျက်စာရင်းသွင်းကြောင်း ထုတ်ပြန်လိုက်ပါတယ်။

ကြားကာလရန်ကုန်တက္ကသိုလ်ကောင်စီရဲ့ မူအရ တက္ကသိုလ်စီမံအုပ်ချုပ်မှုယန္တရားရဲ့ အကြီးအကဲအဖွဲ့အစည်းတွေဟာ ကျောင်းသားထုနဲ့ ဆရာထုရဲ့ ထောက်ခံမှုများမှသာ ဆင်းသက်ရမှာဖြစ်တာမို့ ခုလိုအာဏာသိမ်းစစ်ကောင်စီရဲ့ ခန့်အပ်မှုနဲ့ ရာထူးတွေ ရယူထားကြတာဟာ တရားမဝင်ကြောင်းနဲ့ ယှဉ်တွဲပါ ရာထူး၊ ဌာနတွေနဲ့ လုံးဝသက်ဆိုင်မှု မရှိကြောင်း၊ ဒါ့အပြင် သူတို့ဟာ ကျောင်းသားထု၊ ဆရာထုနဲ့ ပြည်သူလူထုအပေါ် အမျိုးမျိုး ဖိနှိပ်မှုတွေ ကျူးလွန်နေကြတာမို့ သူတို့ကို ရန်ကုန်တက္ကသိုလ်ရဲ့ မော်ကွန်းမှတ်တမ်းကနေလည်း ပယ်ဖျက်လိုက်ကြောင်း ဖော်ပြထားတာပါ။

သူတို့ထဲမှာတော့ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်နဲ့အတူ ဒုတိယပါမောက္ခချုပ် ၃ ယောက်၊ ဌာနမှူး ၃ ယောက် ပါဝင်နေတာ ဖြစ်ပါတယ်။      

ရန်ကုန်တက္ကသိုလ်ဆရာထုနဲ့ ကျောင်းသားထုကို ကိုယ်စားပြုတဲ့ ကြားကာလ ရန် ကုန်တက္ကသိုလ်ကောင်စီကိုတော့ ရန်ကုန်တက္ကသိုလ်ဆရာ၊ဆရာမများသမဂ္ဂနဲ့   ကျောင်းသားများသမဂ္ဂတို့ ပူးပေါင်းကာ ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်မှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024