ရွှေဘိုမြို့တွင် ဗုံးပေါက်ကွဲပြီး ကလေးငယ် ၁ ဦး ဒဏ်ရာရ
DVB
·
September 14, 2021
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ အ.ထ.က (၃) ကျောင်းအရှေ့ဘက်မှာ စက်တင်ဘာ ၁၃ ရက် ညနေ ၆ နာရီကျော်လောက်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။
ဗုံးပေါက်ကွဲမှုအနီးမှာ အမျိုးသမီး ဒုရဲအုပ်တစ်ယောက်ရဲ့ တစ်နှစ်ကျော်အရွယ်ကလေးတစ် ယောက် ရှိနေတာကြောင့် မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့တယ်လို့ အနီးပတ်ဝန်းကျင်ရှိ ပြည်သူ တစ်ဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲပြီး မကြာခင်မှာ စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး အနီးပတ်ဝန်းကျင်းကို စစ်ဆေးတာတွေလုပ်ကာ ပြန်သွားကြတယ်လို့ သိရပါတယ်။