Home
မြန်မာသတင်း
ပျူစောထီးများ သိုလှောင်ထားသည့် ဖောက်ခွဲရေးပစ္စည်းများကို YDF တပ်ဖွဲ့က သိမ်းဆည်းရမိ
DVB
·
September 14, 2021
241919134_2664109893890455_1996211328968115348_n
242056699_2664110020557109_697879867418447173_n
241995750_2664109933890451_9026414927442818000_n
241960060_2664110077223770_3583622648525661226_n

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ ပျူစောထီးတွေ သိုလှောင်ထားတဲ့ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ရာဘာကျည်ဆန်တွေကို သိမ်းဆည်းရမိတယ်လို့  ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  (YDF)က စက်တင်ဘာလ ၁၄ ရက် မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

YDF တပ်ဖွဲ့ဝင်တွေဟာ စက်တင်ဘာ ၁၂ ရက်နေ့ မနက်အစောပိုင်းမှာ မင်းရွာရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ရာမှာ အကြမ်းဖက်စစ်အုပ်စုဘက်က စစ်ကူတွေရောက်လာ လို့ ပြန်လည်ဆုတ်ခွာစဉ် ခေါက်ကူရွာနားက ပျူစောထီးတွေဝှက်ထားတဲ့  ဖောက်ခွဲရေးပစ္စည်း ကျပ် သိန်း ၇ဝ ဖိုးလောက် သိမ်းဆည်းရရှိခဲ့တာလို့ ဆိုပါတယ်။

အဲဒီ မင်းရွာရဲစခန်းကို ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YDF နဲ့ မင်းတပ် CDF တို့ပူးပေါင်းတိုက်ခိုက်ရာမှာ စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့ဝင် ၃၅ ယောက်သေဆုံးခဲ့တယ်လို့ စက်တင်ဘာ ၁၂ ရက်နေ့မှာ YDF တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024