Home
မြန်မာသတင်း
ကနီမြို့နယ်တွင် စစ်ကောင်စီတပ်က ဂျက်လေယာဉ်အသုံးပြုပြီး တိုက်ခိုက်
DVB
·
September 13, 2021
241764226_532142607861935_9134090044998905278_n
241637519_532142311195298_5916563526790845012_n
241990186_532142497861946_4787027993220219980_n
241918898_532142347861961_5456090200955015152_n
241859033_532142527861943_3378404682533759020_n
241808358_532142461195283_6233658921362294544_n
241791551_532142421195287_7297474080888799718_n
241764231_532142381195291_8053381022831537418_n

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ဝင်မနားအုပ်စုမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့တော်လှန်ရေးတပ်တွေအကြား စက်တင်ဘာ ၁၂ ရက် မနက် ၁၀  နာရီလောက်က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ 

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်တွေဘက်က ဂျက်လေယာဉ်တွေနဲ့ နေ့လယ် ၁ နာရီလောက်က  စတင်အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ ကိုယ်တိုင်မြင်တွေခဲ့တဲ့ ဒေသခံရွာသားတွေရဲ့ ပြောပြချက်အရသိရပါတယ်။

“ကျနော်တို့ ဒီမနက် ဝင်နားရဲကင်းစခန်းကို စခန်းသိမ်းတိုက်ပွဲလုပ်ဖြစ်တယ်။ သူတို့ဘက်က လက်နက်အသာစီးရှိပေမဲ့ အချိန်ကြာလာတော့ သူတို့ဘက်ကရှုံးတော့မှာဆိုတော့ သူတို့ပထွေးစီ စစ်ကူလှမ်းတောင်းတယ်ထင်တယ်ဗျ။ ခဏနေကြတော့ မုံရွာဘက်ကနေဂျက်လေယာဉ်နဲ့ ကောင်းကင်းကနေ ကျေးရွာအတွင်းပါ ပစ်တယ်ခတ်တယ်။ ပြီးတော့ ထောက်ကြံ့အိုင်ကျေးရွာ အနီးမှာဆင်းပြီး စစ်ခွေးတွေချသွားတယ်။ ပြီးတော့ နောက်တစ်ခေါက်ထပ်လာတယ်။ လေယာဉ်‌အပေါ်ကနေ မြေပြင်ကို ပတ်ပြီး ပစ်တယ်။ ခဏနေကြတော့ ပျဉ်းမှော်ရွာ အနီးစစ်ခွေးတွေ ထပ်ချတယ်ဗျ။ အကျအဆုံးကတော့ ကျနော်တို့ဘက်က လောလောဆယ် မသိရသေးဘူး။ ဂျက်လေယာဉ်သံကြားလိုက်ကတည်းက  တပ်ဆုပ်ထားလိုက်တယ်”လို့  နယ်မြေခံ PDF ခေါင်းဆောက်တစ်ဦးက ပြောပါတယ်။

ကနီမြို့နယ်အတွင်း အခုတိုက်ပွဲ ဖြစ်ပွားရာဒေသဟာ ပြီခဲ့တဲ့ ဩဂုတ်လ ပိုင်းက စစ်ကောင်စီတပ်တွေလာပြီး ကျေးရွာအတွင်း ဝင်ရောက်ဖျက်ဆီးသွားတဲ့ ကျေးရွာတွေလည်းဖြစ်ပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီတပ်တွေက ကျေးရွာအတွင်း ဂျက်လေယာဉ် အသုံးပြု ပစ်ခတ်တာကြောင့် အပြစ်မဲ့ရွာသား ဘယ်လောက်ထိခိုက်ကျဆုံးမယ်ဆိုတာ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဂျက်လေယာဉ်နဲ့တပ်ကူလာတဲ့ စစ်ကောင်စီတပ်တွေဟာ ဝင်မနားရဲစခန်းမှာ တပ်စွဲထားပြီး တပ်အင်အား ၆၀ လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။

အဲဒီတပ်စွဲထားတဲ စစ်ကောင်စီတပ်တွေက အခုစက်တင်ဘာ ၁၂ ရက် ညနေ ၅ နာရီမှာ ရွာသား ၅ ဦးကို ဖမ်းဆီးထားပါတယ်။

တိုက်ပွဲအတွင်း ရဲတွေဘက်ကရော PDF ဘက်ကပါသေဆုံးမှုရှိတယ်လို့  သတင်းတွေ  ထွက်ပေါ်နေပေမဲ့ ထိခိုက်ကျဆုံး စာရင်းအတည်ပြုလို့ မရသေးဘူးလို့ ဒေသခံ PDF ခေါင်းဆောင်တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024