စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ တရော်ကိုင်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး တစ်ဦးကို စက်တင်ဘာ ၁၁ ရက် မနက် ၉ နာရီလောက်က တောကြီးမြွေဟောက်အဖွဲ့-ခင်ဦး(King Cobra- Khin U)အဖွဲ့က ရှင်းလင်းသုတ်သင်လိုက်တယ်လို့ သိရပါတယ်။
သေဆုံးသူဟာ အသက် ၄၃ နှစ်ရှိ ဦးစိန်မင်း ဖြစ်ပြီး စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးလည်း ဖြစ်သလို ပျူစောထီးခေါင်းဆောင်လို့လည်း သိရပါတယ်။
သူဟာ စစ်ကောင်စီတပ်တွေကို ခေါ်ပြီး ကျေးရွာနေ ပြည်သူတွေရဲ့ အိမ်တွေကို ရှာဖွေခိုင်းတာ၊ ဖမ်းဆီးခိုင်းတာနဲ့ ဖျက်ဆီးတာတွေ လုပ်အောင် သတင်းပေးပြီး စစ်တပ်ကိုလည်း ဧည့်ခံကျွေးမွေး ပေးကမ်းနေသူဖြစ်လို့ သုတ်သင်ရှင်လင်းလိုက်တာလို့ King Cobra- Khin U က ဆိုပါတယ်။
ခင်ဦးမြို့နယ်က King Cobra- Khin U (တောကြီးမြွေဟောက်အဖွဲ့ ခင်ဦး)အဖွဲ့အနေနဲ့ ၁၈ ယောက်မြောက် သုတ်သင်ရှင်းလင်းခဲ့တာလို့ ပြောပါတယ်။