လှိုင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး မီးပုလင်းအပစ်ခံရပြီး မီးလောင်
DVB
·
September 10, 2021
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ အမှတ်(၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဒီနေ့ စက်တင်ဘာ ၁၀ ရက်မှာ မီးပုလင်းနဲ့အပစ်ခံခဲ့ရပြီး အသေးစားမီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့လယ် ၂ နာရီကျော်လောက်က မီးပုလင်းနဲ့ အပစ်ခံရပြီး အုပ်ချုပ်ရေးမှူးရုံ အဆောက်အအုံ အနည်းငယ်မီးလောင်သွားပေမဲ့ လူတွေထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး။ မီးပုလင်းပစ်တဲ့သူကိုလည်း ဖမ်းမမိလိုက်ဘူးလို့ သိရပါတယ်။