ကလေးမြို့ စစ်တပ်ကုတင် ၁၀၀ ဆေးရုံ ဗုံးပေါက်ကွဲ
DVB
·
September 10, 2021
စစ်ကိုင်းတိုင်း ကလေးမြို့က စစ်တပ် ကုတင် ၁၀၀ ဆေးရုံမှာ စက်တင်ဘာ ၁၀ ရက်နေ့က ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတစ်ဦးက "အခုနေ့လယ် ၂ နာရီ ကျော်လောက် ကလေးမြို့စစ်တပ်ဆေးရုံ ကုတင် ၁၀၀ မှာ ဗုံးပေါကွဲခဲ့တယ်။ ဗုံးပေါက်ကွဲပြီးမကြာဘူး အဲဒီနားမှာ ပစ်ခတ်သံကြားရတယ်” လို့ ပြောပါတယ်။
စစ်တပ်ကုတင် ၁၀၀ ဆေးရုံ ဗုံးပေါက်ကွဲမှုကြောင့် သေဆုံး ဒဏ်ရာရမှု ရှိမရှိဆိုတာ မသိရှိသေးပါဘူး။