မကွေးတိုင်းဒေသကြီး မြို့သစ်မြို့မှာ ဒေသခံပြည်သူ ၇ ယောက်ကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မြို့သစ်မြို့က ဒလန်တွေက NUG နဲ့အဆက်သွယ်ရှိတယ်လို့ သတင်းပေးတာကြောင့် စက်တင်ဘာ ၈ ရက်ည ၁၀ နာရီလောက်မှာ နွေဦးထီနဲ့ပတ်သက်တဲ့ Post တင်ထားတဲ့ ကိုတင်မောင်လွင်နဲ့ ပြည်သူ ၇ ယောက်အဖမ်းခံရတာလို့ မြို့ခံတစ်ယောက်က ပြောပါတယ်။
အဖမ်းခံရတဲ့သူတွေကတော့ ကိုတင်မောင်လွင်၊ ကိုဖိုးသိကြား၊ ကိုလေးညွန့်၊ ဦးပိတ်စ၊ မဟေမာ၊ မလဲ့ တို့အပါဝင် စုစုပေါင်း ၇ ယောက်ကို မြို့ဝင်ဂိတ် ၂ ခုမှာ တာဝန်ကျနေတဲ့ အကြမ်းဖက်စစ်သားတွေနဲ့ ရဲတွေက လာဖမ်းသွားတာလို့ဆိုပါတယ်။
ဗိဿနိုးပြည်သူ့ကကွယ်ရေး တပ်မတော်ကတော့ မြို့သစ်မြို့နယ်မှာ တာဝန်ကျနေတဲ့ရဲတွေကို CDM ပြုလုပ်ပြီး ပြည်သူနဲ့ အမြန်ဆုံး ပူးပေါင်းဖို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။