မနေ့က မကွေးတိုင်း ဆောမြို့နယ်နားမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က အနည်းဆုံး အယောက် ၂၀ လောက် သေဆုံးတယ်လို့ သိရပါတယ်။
ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်နဲ့ မကွေးတိုင်း ဆောမြို့နယ် နယ်စပ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို ချင်းပြည်ကာကွယ်ရေးတပ် ကန်ပက်လက်နဲ့ ယောဒေသ ကာကွယ်ရေးတပ် ဆောတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
ညနေ ၄ နာရီလောက်က စလို့ ၂ နာရီကြာလောက်တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်က အနည်းဆုံး အယောက် ၂၀ လောက် သေပြီး ဒဏ်ရာရသူ အများအပြားနဲ့ ပြန်ဆုတ်ခွာသွားတယ်လို့ ချင်းပြည် ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲမှာ ချင်းပြည်ကာကွယ်ရေးတပ် ကန်ပက်လက်က ၈ ယောက် ဒဏ်ရာရပြီး ယောဒေသ ကာကွယ်ရေးတပ် ဆောဘက်က ၃ ယောက် ဒဏ်ရာရပြီး မစိုးရဘူးလို့ ဆိုပါတယ်။
တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။