ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်မှာ စက်တင်ဘာ ၅ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် စက်လှေမှောက် ပျောက်ဆုံးသွားတဲ့ အမျိုးသား ၂ ဦးရဲ့ ရုပ်အလောင်းကို ပြန်တွေ့ခဲ့တယ်လို့ ကြက်ခြေနီအသင်းကနေ သိရပါတယ်။
အလံကျေးရွာအုပ်စုကို တာဝန်နဲ့သွားတဲ့ ဆည်မြောင်းဝန်ထမ်းနဲ့ သားဖြစ်သူတို့ စက်လှေနဲ့ မြစ်ကူးရင်း စက်တင်ဘာ ၂ ရက်နေ့ ညနေပိုင်းက ပျောက်ဆုံးခဲ့တာလို့ ဝါးခယ်မမြို့နယ်ကြက်ခြေနီအသင်း တာဝန်ရှိသူက ပြောပါတယ်။
“အဖေလုပ်တဲ့သူက ပင်စင်သွားရတော့မယ် ဆည်းမြောင်ဝန်ထမ်း သားဖြစ်သူနဲ့အတူတူသွားရင် စက်လှေက မိုးကြီးလေကြီးမိပြီး စက်လှေမှောက်တာ ၃ ရက်မြောက်နေ့မှာ ပြန်တွေ့တာ”လို့ ပြောပါတယ်။
စက်လှေမှောက်ပျောက်ဆုံးနေတဲ့ အမျိုးသား ၂ ဦးကို စက်တင်ဘာလ ၅ ရက် မနေ့ မနက် ၆ နာရီလောက်မှာ စတင်တွေ့ရှိခဲ့ပြီး ဝါးခယ်မဆေးရုံကို ရင်ခွဲစစ်ဆေးဖို့အတွက် ပို့ဆောင်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
ဝါးခယ်မမြို့နယ်မှာ မိုးတွင်းဘက် စက်လှေတွေနစ်မြုပ်လေ့ရှိတာကြောင့် မိုးကြီးလေကြီးတဲ့အချိန် လှေနဲ့ စက်လှေတွေ အသုံးပြုမသွားလာဖို့အတွက် သတိပေးထားပါတယ်။