Home
မြန်မာသတင်း
ရေဦးမြို့နယ်က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ၁ ဦး အသတ်ခံရ
DVB
·
September 6, 2021
240331731_1202574286885622_1423261753312214897_n

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ချောင်းရှည်ကျေးရွာအုပ်စု စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးကို စက်တင်ဘာ ၅ ရက် ညနေ ၆ နာရီလောက်မှာ အမည်မသိ လူတစုက လာရောက်ပြီး ဓားနဲ့ခုတ်သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတစ်ဦးက “သတ်တဲ့လူတွေက သူ့အိမ်ထဲအထိဝင်ပြီး လုပ်တာ။ တချက်အရိုက်ခံရပြီး သူကထွက်ပြေးတယ်။ နောက်ကနေ ဓားနဲ့လိုက်ခုတ်တယ်။ အခု အလောင်းကတော့ အင်တိုင်းရွာနဲ့ သပြေကုန်း ရွာကြားမှာ လို့ သိရတယ်။ ဘယ်သူမှ သွားမကြည့်ရဲကြဘူး။ ရွာကလူတွေကတော့ စစ်ကောင်စီတပ်တွေ ရွာကိုလာမှာကြောက်လို့ အိုးအိမ်ပစ်ပြီး ပြေးကြပြီ” လို့ ပြောပါတယ်။

အသတ်ခံရသူဟာ အင်တိုင်းရွာသား အသက် ၅၀ အရွယ် ဦးသောင်းဦး သိရပြီး ချောင်းရှည်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအဖြစ်ကနေ ဩဂုတ် ၁၀ ရက်နေ့က သူ့ရဲ့ Facebook စာမျက်နှာမှာ နုတ်ထွက်တယ်လို့ တင်ထားပေမယ့် လစာထုတ်နေဆဲလို့ဆိုကြပါတယ်။

ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးဖြစ်တဲ့ ဦးသောင်းဦးကို ဘယ်အဖွဲ့က ဘာကြောင့်သတ်တယ်ဆိုတာတော့ အတိအလင်း မသိရသေးပါဘူး။

သပြေကုန်းရွာနဲ့ အင်တိုင်းရွာသူရွာသားတွေကတော့ စစ်ကောင်စီတပ်တွေလာပြီး ရိုက်နှက် ဖမ်းဆီးမှာ စိုးရိမ်တာကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ရေဦးမြို့နယ်မှာ ဩဂုတ် ၄ ရက်နေ့ကလည်း ညောင်နီကန်ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးမှူးတစ်ဦးလည်း အသတ်ခံခဲ့ရပြီး စစ်ကောင်စီခန့်အုပ်စုအုပ်ချုပ်ရေးမှူး ၈ ဦးခန့်လည်း နုတ်ထွက်ထားတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024