ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက် စက်တင်ဘာ ၄ ရက် မနက် ၁၀နာရီခွဲလောက်က ရတနာသီရိရပ်ကွက်မှာ မြေထိန်းအုတ်နံရံဟာ မြေသားခိုင်မာမှုမရှိလို့ ပြိုကျခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပါတယ်။
မြေထိန်းအုတ်နံရံ ပြိုကျတဲ့နေရာကို တောင်ကြီးခရိုင်/ မြို့နယ်မီးသတ်စခန်းက သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေသွားရောက်ပြီး ပြိုကျနေတဲ့ အုတ်အပိုင်းအစတဲ့ ကျောက်ကြီးတွေကို ကျောက်တူးစက်တွေနဲ့ ရှင်းလင်းဖယ်ရှားပေးခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါဖြစ်စဉ်ကြောင့် လူ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့လည်း သိရပါတယ်။
Photo -MFSD