ဆိပ်သာ၊ ဟင်္သာတနဲ့ ဇလွန်မြို့နယ်တွေထဲက ဧရာဝတီမြစ်ကမ်းနားနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေအနေနဲ့ မြစ်ရေကြီးနိုင်တဲ့အလားအလာတွေရှိတာကြောင့် အထူးသတိပြု နေထိုင်ကြ ဖို့ မိုးလေဝသနှင့်ဇလဗေဒဌာနက ဒီနေ့ စက်တင်ဘာ ၄ ရက်မှာ သတိပေးချက် ထုတ်ပြန်ပါတယ်။
ဒီမနက် မြန်မာစံတော်ချိန် ၇ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေဟာ ဆိပ်သာမြို့ရဲ့ စိုးရိမ်ရေမှတ် အထက်သို့ ၉ လက်မခန့်၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့် ကျော်လွန်နေတယ်လို့ ဆိုပါတယ်။
မြစ်ရေဟာ နောက် ၃ ရက်မှာတော့ အဲဒီမြို့တွေရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်ရှိနေဖွယ်ရှိနေတယ်လို့လည်း မိုးဇလက ခန့်မှန်းထားပါတယ်။