စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆူးလေးကုန်းကျေးရွာက အကြမ်းဖက်စစ်ကောင်စီ သတင်းပေး ဒလန်လို့ လူသိများတဲ့ ကိုဖြိုးဇာတိမော် စက်တင်ဘာ ၂ ရက် ည ၁၂ နာရီလောက်မှာ အသတ်ခံရ တယ်လို့ ကျေးရွာသားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
“ကျနော်တို့ဒီကောင်ကို စောင့်ကြည့်နေတာကြာပြီဗျ။ ဒီကောင်က ဆူးလေကုန်းကျေးရွာက လူငယ်ကလေးတွေကိုစည်းရုံးပြီး သင်တန်းပေးတယ်။ လက်နက်တပ်ဆင်ပေးတာတွေ လုပ်နေတဲ့ စစ်ကောင်စီသတင်းပေး ပျူစောထီးအဖွဲ့ဝင်တစ်ယောက်ပါ။ အမည်က ဖြိုးဇာတိမော်ပါ။ လူလတ်ပိုင်း အရွယ်ပေါ့။ လူငယ်လေးတွေဖွဲ့ပြီးကျေးရွာလူထုကို စိန်ခေါ်ရမ်းကားတာ သာမက မဟုတ်မမှန်တဲ့သတင်းတွေ စစ်ကောင်စီကို သွားရောက်သတင်းပို့တာတွေ လုပ်နေလို့ ကျနော်တို့ ရှင်းလင်းခဲ့တာ” လို့ နှလုံးလှလူမိုက်ကြီးများအဖွဲ့ဝင်က ဒီဗွီဘီကို ပြောပါတယ်။
မြောင်မြို့နယ်အတွင်း စစ်ကောင်စီကိုအားပေးထောက်ခံကာ ပြည်သူသစ္စာဖောက်လု့ပ်နေတဲ့ စစ်ကောင်စီရဲ့ သတင်းပေးဒလန်တွေကို ထပ်မံရှင်းလင်သွားမယ်လို့လည်း နှလုံးလှလူမိုက်ကြီးများ အဖွဲ့က ပြောပါတယ်။