မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ဖခင် ကွယ်လွန်
DVB
·
September 2, 2021
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ရဲ့ ဖခင်ဖြစ်သူ ဒေါက်တာချစ်မောင် ဟာ စက်တင်ဘာလ ၂ ရက် ညနေပိုင်းက ကွယ်လွန်သွားခဲ့ပါတယ်။
ဒေါက်တာချစ်မောင်ဟာ ရိုးရိုး လူကြီးရောဂါနဲ့ သေဆုံးတာဖြစ်ပြီး သေဆုံးချိန်မှာ အသက် ၉၃ နှစ်ရှိပြီ ဖြစ်ပါတယ်။
သားဖြစ်သူ ဒေါက်တာဇော်မြင့်မောင်ကိုတော့ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (ခ)၊ သဘာဝဘေးစီမံခန့်ခွဲရေးဥပဒေ ပုဒ်မ ၂၅ / ၃၀ (က) တို့နဲ့ တရားစွဲကာ စစ်ကောင်စီက ဖမ်းဆီးထားပါတယ်။