အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ဒေါ်ခင်စန်းလှိုင်ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရှောင်တိမ်းနေတာဖြစ်ပြီး ဩဂုတ် ၃၁ ရက်နေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့ နေအိမ်တစ်အိမ်မှာ ဖမ်ဆီးခံခဲ့ရတာလို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
"အန်တီဒေါ်ခင်စန်းလှိုင်ကို ပုလဲမြို့မရဲစခန်းမှာပဲ အမှုဖွင့်ထားတယ်။ ဘာပုဒ်မနဲ့ဆိုတာတော့ မသိရသေးဘူး။ အန်တီ ဒေါ်ခင်စန်းလှိုင်ကို စစ်ကောင်စီက ဖမ်းဆီးပြီး ပုလဲကို ခေါ်ဆောင်လာခဲ့တယ်။”
ဒေါ်ခင်စန်းလှိုင်ဟာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ပြည်သူ့လွှတ်တော်နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိခဲ့ပါတယ်။ ဒီနောက် လွှတ်တော်ခေါ်ယူရေး၊ စင်ပြိုင်အစိုးရဖွဲ့စည်းမှုနဲ့ ရာဇသတ်ကြီးပုဒ်မ ၁၂၂/၁ နဲ့ တရားစွဲဆိုခံရပြီး ထောင်ဒဏ် ၂၅ နှစ်ကျခံခဲ့ရသူ ဖြစ်ပါတယ်။
ဒါ့အပြင် ဒေါ်ခင်စန်းလှိုင်ဟာ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲ၊ ၂၀၂၀ ရွေးကောက်ပွဲတွေမှာတော့ စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီကနေ ပြည်သူ့လွှတ်တော်နေရာကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အသီးသီးအနိုင်ရရှိခဲ့ပါတယ်။