Home
မြန်မာသတင်း
ဝမ်းတွင်းမြို့နယ် ကျေးရွာတချို့ ရေဘေးကြုံနေရ
DVB
·
August 31, 2021
Wan Dwin water float 1
Wan Dwin water float 2
Wan Dwin water float 3

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်ရှိ ကျေးရွာတချို့ ချောင်းရေဝင်ရောက်ခဲ့တဲ့အတွက် သြဂုတ် ၃၁ ရက် မနက်အစောပိုင်း ၁ နာရီလောက်က ဒေသခံ ရွာသားတွေ ရေဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့ရတယ်လို့ ဝမ်းတွင်းမြို့နယ် မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။

မိုးသည်းထန်စွာသွန်းမှုကြောင့် ဝမ်းတွင်းမြို့နယ်အတွင်းရှိ လျှော်ပင်ချောင်းရေ မြင့်တက်ခဲ့ရာ ရွာတန်းကျေးရွာအုပ်စု၊ လျှော်ပင်ကျေးရွာတွေကို ချောင်းရေဝင်ရောက်ခဲ့ပါတယ်။

ချောင်းဘေးအနိမ့်ပိုင်းရှိ နေအိမ်တွေ ချောင်းရေဝင်ရောက်ခဲ့တာကြောင့် မိတ္ထီလာခရိုင် မီးသတ်စခန်းနဲ့ ဝမ်းတွင်းမြို့နယ်မီးသတ်စခန်းတို့မှ ဒေသခံပြည်သူတွေကို ရေဘေးလွတ်ရာ လျှော်ပင်(အ.ထ.က)ခွဲ စာသင်ကျောင်းသို့ ကူညီရွှေ့ပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024