Home
မြန်မာသတင်း
မန္တလေးမြို့တွင် နွမ်းပါးပြည်သူ အိမ်ထောင်စု ၁၅၀ စုအား အခြေခံစားသောက်ကုန်များ လှူဒါန်း
DVB
·
August 31, 2021
240380175_3065503630373342_6802743338842217489_n
236839625_3065503947039977_3331318673057846242_n
236614993_3065503750373330_6286864954911043502_n
236544539_3065503423706696_2545285744679285094_n
236330288_3065503897039982_6083261252710317851_n
236192782_3065503570373348_2506862830991215381_n
240635573_3065503480373357_7579176798430953130_n
240607631_3065503523706686_850671568630122995_n
240598716_3065503820373323_6840785675322794650_n
240558563_3065503667040005_8924354653119531686_n
240498584_3065503853706653_217347739559148384_n

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ လက်လုပ်လက်စား နွမ်းပါးပြည်သူ အိမ်ထောင်စု ၁၅၀ကို သြဂုတ် ၃၀ ရက်က အခြေခံစားသောက်ကုန်များ လှူဒါန်းခဲ့တယ်လို့ ရင်ဘတ်တူညီနောင်ကယ်ဆယ်ရေးအဖွဲ့က သိရပါတယ်။

ဒီလှူဒါန်းမှုကို မြို့ခံအလှူရှင်တွေ၊ ရင်ဘတ်တူညီနောင်ကယ်ဆယ်ရေးအဖွဲ့နဲ့ Green Cross အဖွဲ့တို့က စုပေါင်းလှူဒါန်းတာ ဖြစ်ပါတယ်။

ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီ၊ ကြက်ဥ၊ ခရမ်းချဉ်သီး၊ လက်ဖက် စတဲ့ အခြေခံစားသောက်ကုန်တွေကို နွမ်းပါးပြည်သူ အိမ်ထောင်စု ၁၅၀ စုကို ဒုတိယအကြိမ် လှူဒါန်းခဲ့တာပါ။

သြဂုတ် ၂၆ ရက်က ပထမအကြိမ် လှူဒါန်းမှုမှာ ဆင်းရဲနွမ်းပါး အိမ်ထောင်စု ၂၃၄ စုကို လှူဒါန်းပေးခဲ့တာပါ။ ဒီနေ့ထိ ချမ်းမြသာစည်မြို့နယ်မှာ နွမ်းပါးပြည်သူ စုစုပေါင်း အိမ်ထောင်စု ၄၀၀ စုနီးပါးကို လှူဒါန်းပေးခဲ့တာပါ။

နိုင်ငံရေးအကျပ်အတည်း နဲ့ ကိုဗစ်တတိယလှိုင်းကာလ စားဝတ်နေရေး အလွန်ပင် ခက်ခဲနေတဲ့ အိမ်ထောင်စု အများအပြားရှိရာ တတ်နိုင်သူများမှာ စာနာဖေးကူစားနပ်ရိက္ခာများ လှူဒါန်းကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024