Home
မြန်မာသတင်း
မြောင်မြို့နယ် အန်အယ်လ်ဒီအလုပ်မှုဆောင် ၁ ဦးနှင့် ကျူရှင်ဆရာ ၁ ဦး ဖမ်းဆီးခံရ
DVB
·
August 30, 2021
240417713_524385058637690_512613878027961805_n

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ  အန်အယ်လ်ဒီအလုပ်မှုဆောင်  တစ်ဦးနဲ့ ကျူရှင်ဆရာတစ်ဦးတို့ကို  သြဂုတ် ၃၀ ရက်က စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ကိုရဲရင့်အောင်က မြောင်မြို့နယ် ကူးတို့ကုန်းကျေးရွာမှာ နေထိုင်သူဖြစ်ပြီး အခုနေ့လယ် ၂ နာရီလောက်မှာ စစ်ကောင်စီတပ်တွေက သူ့နေအိမ်မှာ လာရောက်ဖမ်းဆီးသွားတာပါ။

ကိုရဲရင့်အောင်ရဲ့ သူငယ်ချင်းက “မြောင်မြို့နယ် အန်အယ်လ်ဒီ အမတ်ဒေါ်အိမြတ်မွန်ရဲ့ ရွေး ကောက်ပွဲကိုယ်စားလုပ်ခဲ့တယ်။ သူကရှောင်နေတာကြာပြီ။ အခုက ကူးတို့ကုန်းကျေးရွာက ကျူရှင်ဆရာကိုမျိုးသိန်းကို အရင်ဖမ်းတယ်။ အဲဒါပြီးတော့ ကိုရဲရင့်အောင်ကို ဝင်ရောက်ဖမ်းဆီးသွားတယ်”လို့ ပြောပါတယ်။

ကိုရဲရင့်အောင်နဲ့ ကျူရှင်ဆရာ ကိုမျိုးသိန်းတို့ကို စစ်ကောင်စီက ဘာအတွက် ဖမ်းဆီးသွားတယ်၊ ဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာ မသိရှိရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024