စစ်ကိုင်းတိုင်း၊ ရေဦးမြို့မှာ ဩဂုတ် ၂၉ ရက် ညနေ ၄ နာရီလောက်က လိုလျှင်ယူ ပိုလျှင်လှူ အစီအစဉ်ဦးဆောင်သူ ပညာစံကိုယ်ပိုင်အထက်တန်းကျောင်းပိုင်ရှင် ဦးညီဝင်းအောင်ရဲ့ နေအိမ်ကို ဝင်ရောက်စီးနင်းရှာဖွေခဲ့တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
“ဘာကြောင့် ရှာတယ်ဆိုတာ မသိရဘူး။ သူက လိုလျှင်ယူ ပိုလျှင်လှူ အစီအစဉ်ကို ဦးဆောင်ပြီး တက်တက်ကြွကြွ လုပ်တာပဲ ရှိတာပါ။ တခြား ဘာမှသိပ်ပြီးလုပ်တာ မဟုတ်ဘူး။ ကြိုတင်ရှောင်တော့ လူတွေကတော့ မိမသွားပါဘူး။ ဘာပစ္စည်းမှလည်း ယူမသွားဘူး ပြောတယ်။ ရှာဖွေတာကတော့ ၂ နာရီလောက် ကြာတယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ရေဦးမြို့မှာ ဩဂုတ် ၁၈ ရက်နေ့ကလည်း လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ နေအိမ်တွေကို ဝင်ရောက်စီးနင်းရှာဖွေတာတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။