မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ၃၅ လမ်း၊ လမ်း ၉၀ မှာရှိတဲ့ မြို့နယ် ကြံ့ခိုင်ရေးပါတီရုံးမှာ ဩဂုတ် ၂၉ ရက် ညနေ ၅ နာရီဝန်းကျင်က လက်လုပ်ဗုံးပေါက်ကွဲမှုခဲ့ပါတယ်။
လက်လုပ်ဗုံးပေါက်ကွဲမှုကြောင့် ပါတီရုံးအဆောက်အအုံ မျက်နှာကြက် ပြိုကျပျက်စီးခဲ့ပေမယ့် လူထိခိုက်တာမရှိဘူးလို့ သိရပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီး မကြာခင်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်အဖွဲ့တွေရောက်လာပြီး စစ်ဆေးတာနဲ့ အနီးပတ်ဝန်းကျင်မှာ လှည့်ပတ်ရှာဖွေတာတွေ လုပ်ခဲ့ကြပါတယ်။
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် ၄ ရပ်ကွက် ၆၂ လမ်း၊ ၁၁၂ လမ်းနဲ့ ၁၁၃ လမ်းကြား သစ်တောရုံးရှေ့က စစ်ဆေးရေးဂိတ်မှာလည်း ဩဂုတ် ၂၉ ရက် မနက် ၁၀ နာရီကျော်က လက်လုပ်မိုင်း ပေါက်ကွဲခဲ့ပါတယ်။