စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့ တောင်ပိုင်းရပ်ကွက်၊ ကမ်းနားလမ်း ပေ ၁၀၀ လောက် သြဂုတ် ၂၉ ရက် မနက် ၅ နာရီလောက်က ဧရာဝတီမြစ်ကမ်းဘက်ကို ပြိုကျခဲ့တယ်လို့ နယ်မြေခံမီးသတ်စခန်းက သိရပါတယ်။
အဲဒီ မြင်းမူကမ်းနားလမ်းရဲ့ အရှည် ပေ ၁၀၀ ခန့်၊ အကျယ် ၈ ပေခန့် ပြိုကျခဲ့ရာ မြင်းမူမြို့နယ် မီးသတ်စခန်းက မီးသတ်တပ်ဖွဲ့ဝင်တွနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ မျောတိုင်ရိုက် ဝါးထရံကာ၊ သဲအိတ်ချထားတဲ့ လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ကြပါတယ်။
ဧရာဝတီမြစ်ရေတိုးလာတာကြောင့် မြစ်ကမ်းဘေး ရပ်ကွက်မှာ နေထိုင်ကြတဲ့ လူနေအိမ်တွေ အတွက် စိုးရိမ်ရတဲ့အခြေအနေ ရှိနေတယ်လို့ သိရပါတယ်။