Home
မြန်မာသတင်း
မလှိုင်မြို့နယ် တောတွင်းစခန်းတစ်ခုကို စစ်ကောင်စီတပ်က ဝင်စီး
DVB
·
August 28, 2021
238915232_265184032101189_622843212386827053_n
238854629_265183982101194_1333184387632528179_n
238619384_265183965434529_7212851218362486250_n
236496971_265183888767870_2270758483791947795_n
236496971_265183888767870_2270758483791947795_n

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် တောတွင်းရှိ ဒေသခံကာကွယ်ရေးတပ်စခန်းတစ်ခု ဝင်ရာက်စီးနင်းခံရပြီး စစ်အာဏာရှင်ကို တော်လှန်နေတဲ့ လူငယ်တွေလွတ်မြောက်သွားပေမဲ့ လက်နက်တွေသိမ်းဆည်းခံခဲ့ရပါတယ်။ 

ဩဂုတ်လ ၂၆ ရက်က မလှိုင်မြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်စု၊ ညောင်မြစ်ရွာ အနောက်တောင်ဘက် မီတာ ၃၀၀၀ ခန့်အကွာရှိ တောတွင်းသို့ စစ်ကောင်စီတပ်တွေက ဝင်ရောက်လာပြီး  ဒေသခံကာကွယ်ရေးတပ်စခန်းတစ်ခု အားဝင်ရောက်စီးနင်းခဲ့တာလို့ ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင်တဦးကပြောပါတယ်။

သိမ်းဆည်းခံလိုက်ရတဲ့ ပစ္စည်းတွေထဲမှာ  လက်လုပ်သေနတ် ၃ လက်၊ လေ့ကျင့်ရေး‌သေနတ်ပုံစံတူ ၁၂ လက်၊  လက်လုပ်မိုင်း ၃၆ လုံး၊ ဒီတိုနေတာ ၅ ခု၊ ရီမုတ်မိုင်း  ၅ လုံး၊ လက်လုပ်မိုင်းအကြီး ၁ လုံး ၊ ခဲသီး ၂၀၀ ခု၊ ဓားရှည် ၇ လက်၊ မီးစက် ၁ လုံး၊ ဆိုလာပြား ၁ ချပ်၊  ဆိုင်ကယ် ၂ စီး အပြင်  မိုးကာတဲနဲ့ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာစတဲ့  စားနပ်ရိက္ခာတွေလည်းပါသွားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024