Home
မြန်မာသတင်း
တောင်တွင်းကြီးမြို့၌ အပြင်ထွက်ချိန် လျှော့ချသတ်မှတ်
DVB
·
August 27, 2021
239614981_1165113320649343_4201715363783365227_n

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့မှာ ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့်  သြဂုတ် ၂၆ ရက်ညနေကစပြီး   ပြည်သူတွေရဲ့ အပြင်ထွက်ချိန်ကို လျှော့ချသတ်မှတ်ချက်အသစ် ဒေသဆိုင်ရာ စစ်ကောင်စီက ထုတ်ပြန်လိုက်ပါတယ်။

ဒေသခံတဦးက “အရင်က မနက် ၄ နာရီကနေ ၁၀ နာရီနဲ့ ညနေ ၅ နာရီကနေ ၈ နာရီ အထိလေ။ ဘာကြောင့်လဲ မသိဘူး စစ်ကောင်စီက မနက် ၆ နာရီကနေ ၁၀ နာရီနဲ့ ညနေ ၅ နာရီ ကနေ ၇ နာရီကိုပြောင်းလိုက်တာကို မြို့ပေါ်လှည့်ပြီးလော်နဲ့ ကြေညာသွားတာ” လို့ ပြောပါတယ်။

ပြည်သူတွေ အပြင်ထွက်ချိန်လျော့ချလိုက်တာကြောင့် မနက်စောစောစျေးရောင်းချပြီး စားဝတ်နေရေးဖြေရှင်းရတဲ့ပြည်သူတွေမှာ အခက်အခဲပိုမိုဖြစ်နိုင်ကြောင်း သိရပါတယ်။

“ကိုဗစ်ကလည်း ပိုးတွေ့လူနာဦးရေနဲ့ သေဆုံးမှုဟာ တဖြည်းဖြည်းနဲ့ သိသိသာသာ လျော့နည်းနေပြီ။ ပြည်သူ့မျက်နှာမကြည့်တဲ့ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့ စစ်ကောင်စီဟာ ပြည်သူ့မျက်နှာမကြည့် ပြည်သူ့ဘဝကောင်းစားရေးတွေမလိုလားတဲ့ သူတို့ရဲ့ လုပ်တွေက အရမ်းရွံစရာကောင်းပြီး လူမဆန်တဲ့လုပ်ရပ်ဖြစ်ပါတယ်'' လို့ ဒေသခံတဦးက ပြောပါတယ်။

အခုရက်ပိုင်း တောင်တွင်းကြီးမြို့ပေါ်မှာ ရာအိမ်မှူးဒလန် ၁ ဦးအသတ်ခံရကာ စစ်ကောင်စီ ရဲ့ အရာရှိမိသားစုပိုင်ဆိုင်တဲ့ စတိုးဆိုင် ၁ ဆိုင်ဗုံးခွဲခံရပြီးနောက် အရင်ကထက် ဖမ်းဆီး စစ်ဆေးတာတွေ၊ ပြည်သူတွေကို လက်နက်အားကိုးပြီး နိုင်ထက်စီးနင်းပြုလုပ်တာတွေ ပိုမို ဆိုးရွားလာကြောင်း ဒေသခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024