ကချင်အမျိုးသားကွန်ဂရက် (KNC) ပါတီဥက္ကဋ္ဌ ဒေါက်တာအမ်ကောန်လကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သြဂုတ် ၂၅ ရက် ညနေ ၄ နာရီလောက်က လာရောက် ဖမ်းဆီးပြီး ၅၀၅ က နဲ့ တရားစွဲထားတယ်လို့ သိရပါတယ်။
ဒေါက်တာအမ်ကောန်လကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေပြည်တော်မှာ ဖမ်းဆီးသွား တာလို့ KNC ပါတီရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"ညနေပိုင်းမှာ ဖမ်းခံရတာပါ။ ၅၀၅-ကနဲ့ တရားစွဲတယ်လို့ ကြားပါတယ်။ သူနဲ့လည်း အဆက်အသွယ်မရသေးပါဘူး။"
KNC ပါတီဟာ စစ်အာဏာသိမ်းပြီးနောက် ပြည်လည်ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အစည်းအဝေးဖိတ်ခေါ်မှုတွေကို မတက်ရောက်ဘဲ ငြင်းဆန်ထားတဲ့ပါတီ ဖြစ်ပါတယ်။
ဒေါက်တာအမ်ကောန်လသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးပါတီတချို့က ပါတီဝင်တွေနဲ့ ကချင်ပြည်သူ့နိုင်ငံရေးရှေ့ဆောင်အဖွဲ့ (KPPF) ကို ဖွဲ့စည်းခဲ့ပါတယ်။
ဓာတ်ပုံ- Dr.အမ်ကောန်လ FB