Home
မြန်မာသတင်း
မုံရွာမြို့က ဖမ်းဆီးခံရသည့် လူငယ် ၁ ဦး ရိုက်နှက်ဒဏ်ရာများဖြင့် သေဆုံး
DVB
·
August 26, 2021
240016022_2908842326097338_7954743486451353994_n

စစ်ကိုင်းတိုင်း မုံရွာမြို့ ရတနာပုံရပ်ကွက်မှာ လူငယ်တစ်ဦးကို စစ်ကောင်စီတပ်က ဩဂုတ် ၂၄ ရက်ညပိုင်း ဖမ်းဆီးသွားခဲ့ပြီး နောက်နေ့မှာ ရိုက်နှက်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သြဂုတ် ၂၅ ရက်နေ့မှာ ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးတယ်ဆိုပြီး စစ်ကောင်တပ်သားတွေက မိသားစုကို အကြောင်းကြားခဲ့တာကြောင့် မိသားစုဝင်တွေက သေဆုံးရုပ်အလောင်းကို သွားရောက်သယ်ဆောင်ခဲ့ပါတယ်။

သေဆုံးသူရဲ့ သူငယ်ချင်းဖြစ်သူက “ဖမ်းသွားတုန်းက အကောင်းကြီး ဒီနေ့ကျတော့ ကိုဗစ်နဲ့ ဆုံးပြီဆိုပြီး သူ့မိသားစုကို အကြောင်းကြားတာ။ သူ့မိသားစုက ရုပ်အလောင်းသွားသယ်တော့ ရုပ်အလောင်းမှာ ရိုက်နှက်ဒဏ်ရာတွေတွေ့တယ်” လို့ ပြောပါတယ်။

သေဆုံးသူဟာ အသက် (၂၈) နှစ်အရွယ် ကိုသက်နိုင်စိုးဖြစ်ပြီး သြဂုတ် ၂၅ ရက်နေ့ ညနေ ၅ နာရီလောက်မှာ သင်္ဂြိုဟ်ခဲ့ပါတယ်။

ကိုသက်နိုင်စိုးကို မသင်္ကာတာကြောင့် တားဆီးစစ်ဆေးရာမှာ လက်ကိုင်ဖုန်းထဲ ဆန္ဒပြတဲ့ပုံတွေလို့ဆိုပြီး စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတာလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024