Home
မြန်မာသတင်း
စစ်ကိုင်းတိုင်း တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ နေအိမ်ကို စစ်တပ်ကဝင်စီး
DVB
·
August 24, 2021
235512510_1194363771040007_7733576017274689439_n

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာမှာ ဩဂုတ်လ ၂၃ ရက်‌ ည ၉ နာရီလောက် စစ်ကိုင်းတိုင်းတောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးတင့်လွင်ရဲ့နေအိမ်ကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝင်ရောက်စီးနင်းရာမှာ လူမတွေ့တဲ့အတွက် ကားနှစ်စီး၊ ဆန်အိတ်၊ စပါး၊ ဆီပုံး စတဲ့ပစ္စည်းတွေ သယ်ယူသွားကြတယ်လို့  ဒေသခံတစ်ဦးက DVB ကို ပြောပါတယ်။

“ည ၉ နာရီလောက်မှာ စစ်ကိုင်းတိုင်း တောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌ ဦးတင့်လွင်အိမ်ကို စစ်သားနဲ့ရဲ အင်အား ၅၀ လောက်နဲ့ဝင်စီးတယ်။ လူမတွေ့တော့ ပစ္စည်းတွေယူတယ်။ သူ့အိမ်မှာရှိတဲ့ ပါဂျဲရိုးကားတစ်စီး လိုက်ထရက်တစ်စီး၊ ဆီစက်က ဆီပုံးတွေရယ်၊ ဆန်အိတ်တွေရယ်၊ စပါး ၁၃၀၀ လောက်ရှိတာကိုလည်း ညတွင်းခြင်း သယ်ထုတ်နေကြတယ်။ နောက်ပြီး ရခိုင်ပြည်နယ်ဘက်က ခွင့်နဲ့ပြန်လာပြီး ဩဂုတ် ၂၅ ရက်နေ့မှာ ပြန်တာဝန်ထမ်း‌ဆောင်ရမယ့် သူ့ဆွေမျိုး ရဲဝန်ထမ်းတစ်ဦးကိုလည်း ရိုက်နှက်ဖမ်းဆီးသွားတယ်။ သူတို့မိသားစုအားလုံးကတော့ ရှောင်တိမ်းနိုင်ကြလို့ ဖမ်းဆီးတာမခံရဘူး။ လက်နက်သယ်ယူပို့ဆောင်တယ်လို့ စွပ်စွဲပြီး ဝင်စီးတယ်‌ကြားတာ။”

ဩဂုတ်လ ၂၃ ရက်‌ညနေပိုင်းကလည်း ရွာတော်ကျေးရွာနဲ့ ရွှေပန်းကုန်းကျေးရွာက လူငယ်သုံးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားကြတယ်လို့ ဆိုပါတယ်။

“ညနေပိုင်းလောက်က ရွှေပန်းကုန်းနဲ့ ရွာတော်ကိုဝင်မွှေပြီး လူငယ်သုံးယောက်ကို ဖမ်းသွားတယ်။ ရွာ‌တော်ကနှစ်‌ယောက်၊ ရွှေပန်းကုန်က တစ်ယောက်။”

 ဝက်လက်မြို့နယ်အတွင်းမှာ ဇွန်လ ၁၀ ရက်နေ့ကလည်း ရွှေပန်းကုန်းကျေးရွာ သပိတ်ခေါင်ဆောင်အပါအဝင် သုံးဦး ဖမ်းဆီးခံခဲ့ရပြီး၊ ဇွန်လ ၂၃၊ ၂၄ ရက်တွေမှာလည်း ‌ဒေါက်တာတေဇာဆန်းရဲ့ဇာတိ ရွှေအိုးရရွာကို စစ်တပ်ကဝင်ရောက်စီနင်းပြီး အိုးအိမ်တွေဖျက်ဆီးကာ လူသုံးကုန်ပစ္စည်းတွေကိုလည်း ယူဆောင်သွားကြတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024