Home
မြန်မာသတင်း
ကယား စစ်ဘေးရှောင်ကလေးငယ်များ ဆန်ပြုတ်စားပြီး ဝမ်းရေးဖြေရှင်းနေရ
DVB
·
August 23, 2021
Kayah war victims kids 1
Kayah war victims kids 2
Kayah war victims kids 3
Kayah war victims kids 4
Kayah war victims kids 5

ကယားပြည်နယ်မှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေကြရတဲ့ ကလေးငယ်တွေဟာ ရိက္ခာရှားပါးလာတာကြောင့် ဆန်ပြုတ်စားပြီး ဝမ်းရေးဖြေရှင်းနေကြရပါတယ်။

"ဆန်ကို ထမင်းချက်မလား။ ဆန်ပြုတ် ပြုတ်မလား။ ကျနော်တို့ တွက်နေရတယ်။ ဆန်ပြုတ်ဆိုရင် ရက်ကြာကြာအချိန်ဆွဲထားလို့ရတယ်လေ"လို့ အကူအညီပေးနေတဲ့ ပရဟိတသမားတစ်ယောက်က ပြောပါတယ်။

မေလ ၂၀ ရက်နေ့မှာ ကယားဒေသခံလူငယ် PDF တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေ စဖြစ်ခဲ့တာပါ။ စစ်ကောင်စီက ဩဂုတ်လကနေ အောက်တိုဘာလအထိ အပစ်ရပ်ထားမယ်လို့ ဆိုခဲ့ပေမဲ့ ကယားပြည်နယ်မှာတော့ တိုက်ပွဲတွေရှိနေတုန်းပဲ ဖြစ်ပါတယ်။ 

ဇွန်လမှာ ကုလသမဂ္ဂရဲ့စစ်တမ်းတွေအရ ကယားပြည်နယ်မှာ နေအိမ်စွန့်ခွာထွက်ပြေးသူ ၁သိန်းကျော်ရှိနေပြီး အဲဒီအထဲမှာ သက်ကြီးရွယ်အို၊ ကလေးနဲ့ အမျိုးသမီးတွေ အများစု ပါဝင်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024